ရခိုင်ပြည်နယ်အတွင်းလက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့်
မြို့နယ်များရှိ ဒုက္ခသည်စခန်းများတွင်လာရောက်ခိုလှူံနေကြသော
ဒုက္ခသည်များအတွက် ရခိုင်တေးသံရှင် ဗျာလ အဆိုတော်ကိုကိုနိုင်
နှင့် ရန်ကုန်မြို့ရှိ စေတနာရှင်များမှ ပါဝင်လှူဒါန်းကြသော အလှူငွေ
သိန်း(၁၀၀)ကို အလိုတော်ပြည့်ဆရာတော်ဒေါက်တာဘဒ္ဒန္တအရိယ၀ံ
ံသထံသို့ တေးသံရှင်ကိုကိုနိုင်မှပေးအပ်လှူဒါန်းခဲ့သည်။
လက်ရှိရခိုင်ပြည်နယ်တွင် ကယ်ဆယ်ရေးအများဆုံးလိုအပ်နေသည့်
ဘူးသီးတောင် မောင်တော ရသေ့တောင်မြို့ စစ်တွေမြို့နယ်များတွင်
ဒုက္ခသည်များသို့ ဦးမောင်တင်+ဒေါ်မလှရင် သား ဗျာလ
တေးသံရှင်ကိုကိုနိုင်(ရွှေသုဝဏ်ရွှေဆိုင်)မှသိန်း(၄၀)ကျပ်
ဗျာလတေးသံရှင် ကိုကိုနိုင် နှင့် ရန်ကုန်မြို့ရှိစေတနာရှင်များမှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များထံအလှူငွေသိန်း(၁၀၀)လှူဒါန်း
ရန်ကုန်ေ၇ာက် မာန်အောင်လူငယ်များမှ(၁၉)သိန်းကျပ် ရွှေသုဝဏ်ရွှေဆိုင် ပန်းတိမ်ဆရာများ(သာကေတ)မှ သိန်း(၂၀)ကျပ် ဦးညွန်မောင်+ဒေါ်ခင်သီ
သမီး မသင်းသင်းဝေ ရွှေဆိုင်(ခရမ်းမြို့)မှ ၅သိန်း အရှေ့သို့ရွှေဆိုင်(မတ္ထီလာမြို့)မှ (၃)သိန်းကျပ် မိုးပျံကားပစ္စည်းဆိုင်(မြောက်ဥက္ကလာမှ
(၂)သိန်းကျပ် အောင်ရွှေပန်းထိမ်းမိသားစုနှင့်ပန်းထိမ်းဆရာများ(သာကေတ)မှ(၁)သိန်းကျပ်(၈)သောင်း လိုင်သာယာမြို့ရှိ အောင်
ဇမ္ဗူ(၃)ရွှေဆိုင်မှ(၁)သိန်းကျပ် ရွှေဇမ္ဗူရွှေဆိုင်မှ (၁)သိန်းနှင့် စိန်သိန်းသန်းဝေရွှေဆိုင်မှ(၅)သောင်း သာကေတမြို့ရှိ ရတနာထွန်း
ကုန်စုံဆိုင်မှ(၉)သောင်း ကိုခင်မောင်နိုင်မှ(၅)သောင်းနှင့် မိချို+ပေါက်ပေါက်တူ-သက်ပိုင်စိုးတို့မှ(၅)သောင်း ၀ါဝါထွန်းဝေရွှေဆိုင်
(ဖော့ကန်)မှ(၅)သောင်းနှင့်မြောက်ဥက္ကလာမြို့နယ်ရှိ ၀င်းထွဋ်ရွှေဆိုင် ဆုဆုရွှေဆိုင် ရွှေဇင်ယော်ရွှေဆိုင် ရွှေပိတောက်ပန်းရွှေဆိုင်
နီလာအောင်ရွှေဆိုင်နှင့်ချယ်ရီရွှေဆိုင်တို့မှ(၅)သောင်းစီလှူဒါန်းပြီး စုစုပေါင်းသိန်း(၁၀၀)ကျော်လှူဒါန်းခဲ့ကြသည်။

လှူဒါန်းမူနှင့်ပတ်သတ်ပြီး တေးသံရှင်ကိုကိုနိုင်က ကျနော်မာန်အောင်ဇာတိပါ။(၈၈)ခုနစ်မှာ ရန်ကုန်တက်လာပြီး ပန်းထိမ်ပညာသင့်ခဲ့
ပါတယ်။ ရွှေထည်ပစ္စည်းတွေအပ်ထည်တွေကို ဒိုင်အဖြစ်လုပ်ပြီးတစ်ဖက်မှာလည်း သာကေတမာန်ပြေမှာ ရွှေသုဝဏ်နာမည်နဲ့ရွှေဆိုင်
တစ်ဆိုင်ဖွင့်ထားပါတယ်။ အခုရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေက တော်တော်လေးစိတ်မကောင်းစရာပါ။ ပြီးတော့ ကိုယ်ပြည်နယ်
လည်းဖြစ်နေတယ်။

ဒါကြောင့်လုပ်ဖော်ကိုင်ဖက်တွေစုပြီးလှူဒါန်းကြတာပါ။ ဘူးသီးတောင်း မောင်တော ရသေ့တောင် စစ်တွေမြို့ ဘက်
ကအလှူရှင်တွေရှိပေမယ့်လဲ ခရီးကနည်းနည်းလှမ်းနေတော့ အလှူရှင်တွေစုပေါင်းပြီး အလိုတော်ပြည့်ဆရာတော်ကြီးနဲ့ ဒုတိယအကြိမ်
ထပ်ပြီး လှူဒါန်းဖိုရှိပါသေးတယ် အခုလည်ခရီးလှမ်းတဲ့ မောင်တောမြို့နယ်အထိ ဆရာတော်ကြီးကျေးဇူးကြောင့် ရဟတ်ယာဉ်နဲ့ ကိုယ်
တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခွင့်ရခဲ့တဲ့အတွက်တော်တော်လေးဝမ်းသာကျေနပ်မိပါတယ် မောင်တော မှ ဒုက္ခသည်စခန်းနှစ်ခုမှာ
ရှိတဲ့ ဒုက္ခသည်အိမ်ထောင်တစ်စုစီကိုငွေ(၅၀၀၀)ကျပ်နဲ့ အိမ်ထောင်စု(၃၂၀)အတွက်လှူဒါန်းခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။

Last Updated (Saturday, 14 July 2012 16:08)
- ဆရာတော်ဧ။်ကိုယ်ရေးအကျဉ်း
- ရန်ကုန်ကျောင်းတိုက်
- အလိုတော်ပြည့် တက္ကသိုလ်
- စစ်တွေကျောင်းတိုက်
- ပုဂံညောင်ဦးကျောင်းတိုက်
- မန္တလေးကျောင်းတိုက်
- မောင်တောကျောင်းတိုက်
- ရသေ့တောင်ကျောင်းတိုက်
- သင်္ဃန်းကျွန်းကျောင်းတိုက်
- ဘူးသီးတောင်ကျောင်းတိုက်
- မင်းပြားပရဟိတကျောင်းတိုက်
- မေမြို့ကျောင်းတိုက်
- ကျောက်ပန်းတောင်းကျောင်းတိုက်
- မြောက်ဦးကျောင်းတိုက်
- မိတ္ထီလာကျောင်းတိုက်
- တောင်နီကျောင်းတိုက်
- သံတွဲ-ငပလီကျောင်းတိုက်
- တာချီလိတ်ကျောင်းတိုက်
- နယူးဝေါက်မြို့အလိုတော်ပြည့်ကျောင်း
- မောင်တောပရဟိတကျောင်းတိုက်
- အမေရိကန်အရီဇူးနာကျောင်းတိုက်
- အိန္ဒိယပရဟိတကျောင်းတိုက်
- ညောင်ပင်လယ်ကျောင်းတိုက်
- Kamma
- Advertisement Avaliable
- အင်တာဗျူးလျှောက်ထားခြင်း
- Live
- U Ottama Day
- Buddha
- Alodawpyei On YouTube
- giri
- အလိုတော်ပြည့်အဓိဌာန်ပြုဆုတောင်း






















