ရှင်စောပု(မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၏ ပထမအကြိမ်စုပေါင်းဝါဆို
သင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဗဟိုအလုပ်မူဆောင်ကော်မတီဝင်များမြို့နယ် အလုပ်
မှူဆောင်ကော်မတီဝင်များတွေဆုံဆွေးနွေးပွဲကို မော်လမြိုင်မြို့-ဖက်တန်းရပ်-မွန်
ဓမ္မာရုံတွင် ဇူလိုင် ၈ ၂၀၁၂ ရက်နေ့ကကျင်းပခဲ့ကြသည်။အဆိုပါအခမ်းအနား
သို့မြို့နယ်အသီးသီးမှ ဆရာတော်သံဃာတော်များ(၁၂)ပါးနှင့်ရှင်စောပု
(မွန်အမျိုးသမီစွမ်းဆောင်ရှင်များအသင်း)မှ အလုပ်မှူဆောင်ကော်မတီဝင်များ
(၂၀၀)ခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ရှင်စောပု(မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၏ ပထမအကြိမ်စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဗဟိုအလုပ်မူဆောင်ကော်မတီဝင်များ
ဆက်လက်ပြီးဗဟိုအလုပ်မူဆောင် ကော်မတီဝင်များ၏လုပ်ငန်းညိုနှိုင်းအစည်းအဝေးကိုနေ့လည် ၁၂းနာရီတွင် လည်းကောင်း
အခမ်းအနားကိုဆက်လက်ကျင်းပခဲ့ကြပြီး။ အစည်းအဝေးတွင်နာယက ဆရာတော်အသီးသီးမှ သြ၀ါဒစကားမိန့်ကြားခဲ့ကြောင့်
ဥက္ကဋ္ဌ ဒေါ်မိကျင်သန်း မှ အသင်းနှင့်ပတ်သတ်ပြီး ဆက်လက်တည်တံ့ခိုင်မြဲဖိုအတွက် တက်ရောက်လာသော ဧည်ပရိတ်များအား
သိမှတ်ဖွယ်ရာများကို ရှင်းလင်းခဲ့ကြောင့်သိရသည်။
ဒုဥက္ကဋ္ဌ ဒေါ်မိကွန်ချစ်ချစ် မှ စာပေယဉ်ကျေးမှူအခန်းကဏ္ဍကိုအသေစိတ်ရှင်းလင်ပြောကြားခဲ့ပြီး ဒုဥက္ကဋ္ဌ မိခင်လေးမြင့်မှ
ပညာရေးအခန်းကဏ္ဍကို၎င်းဒုဥက္ကဋ္ဌ ဒေါ်မိတင်တင်ဝင်း မှ မွန်အမျိုးသမီးများ၏ကျန်မာရေးအခန်းကဏ္ဍနှင့်လည်းကောင်း
ရှင်းလင်ပြောကြားခဲ့ကြောင့်သတင်းရရှိသည်။ဒုဥက္ကဋ္ဌ ဒေါ်မိအေးယဉ်မှ မွန်အမျိုးသမီးလူမူရေးနှင့်ပတ်သတ်ပြီး
အခန်းကဏ္ဍကိုရှင်းလင်းပြောကြားခဲ့ကြောင့်သိရသည်။
ရှင်စောပု(မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၏ဖွဲ့စည်းပုံမူကြမ်းကိုတင်ပြဆွေးနွေးကာ တက်ရောက်လာသောမွန်
အမျိုးသမီးများက အလုပ်မူဆောင်ကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးအတည်ပြုပေးခဲ့ကြသည်။ဆက်လက်ပြီး
အဆိုပါအဖွဲ့၏ရှေံလုပ်ငန်းစဉ်လျှာထားချက်များကိုအသေစိတ်ဆွေးနွေးရာတွင် သံဖြူဇရပ်မြို့နယ် မှ ဥက္ကဋ္ဌ ဒေါ်မိအုန်းရီ မှ
ဘဏ္ဍာရေးနှင့်ငွေခွဲဝေသုံးစွဲရေးလုပ်ငန်းများနှင့်ပတ်သတ်ပြီး တင်ပြဆွေးနွေးပြီနောက်
လည်းကောင်းအစည်းအဝေးကို ညနေ့ ၄းနာရီ၃၀တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင့်သိရသည်။

Last Updated (Saturday, 11 August 2012 12:46)
- ဆရာတော်ဧ။်ကိုယ်ရေးအကျဉ်း
- ရန်ကုန်ကျောင်းတိုက်
- အလိုတော်ပြည့် တက္ကသိုလ်
- စစ်တွေကျောင်းတိုက်
- ပုဂံညောင်ဦးကျောင်းတိုက်
- မန္တလေးကျောင်းတိုက်
- မောင်တောကျောင်းတိုက်
- ရသေ့တောင်ကျောင်းတိုက်
- သင်္ဃန်းကျွန်းကျောင်းတိုက်
- ဘူးသီးတောင်ကျောင်းတိုက်
- မင်းပြားပရဟိတကျောင်းတိုက်
- မေမြို့ကျောင်းတိုက်
- ကျောက်ပန်းတောင်းကျောင်းတိုက်
- မြောက်ဦးကျောင်းတိုက်
- မိတ္ထီလာကျောင်းတိုက်
- တောင်နီကျောင်းတိုက်
- သံတွဲ-ငပလီကျောင်းတိုက်
- တာချီလိတ်ကျောင်းတိုက်
- နယူးဝေါက်မြို့အလိုတော်ပြည့်ကျောင်း
- မောင်တောပရဟိတကျောင်းတိုက်
- အမေရိကန်အရီဇူးနာကျောင်းတိုက်
- အိန္ဒိယပရဟိတကျောင်းတိုက်
- ညောင်ပင်လယ်ကျောင်းတိုက်
- Kamma
- Advertisement Avaliable
- အင်တာဗျူးလျှောက်ထားခြင်း
- Live
- U Ottama Day
- Buddha
- Alodawpyei On YouTube
- giri
- အလိုတော်ပြည့်အဓိဌာန်ပြုဆုတောင်း























