မြန်မာနိုင်ငံ စားဖိုမှူးများအသင်းက ရခိုင်ဒေသအတွက် သိန်း ၈၅၀ ကျော်
တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများလှူဒါန်းမြန်မာနိုင်ငံ စားဖိုမှူးများအသင်းက
ဆူပူအကြမ်းဖက်မူ ပဋိပက္ခများဖြစ်ပွားနေသည့် ရခိုင်ဒေသရှိ ဆေးရုံများတွင်
အသုံးပြုရန် အမေရိကန်ဒေါ်လာ ၁ သိန်း ၂ သောင်း(ကျပ်သိန်း ၈၅၀ ကျော်)
တန်ဖိုးရှိ ဆေးရုံသုံး ကုတင်နှင့် ဗီရိုစားပွဲခုံများကို ရန်ကုန်မြို့ရှိ အလိုတော်ပြည့်
ကယ်ဆယ်ရေးအဖွဲ့ထံ ယနေ့ညပိုင်းတွင်လာရောက်လှူဒါန်းခဲ့ရာ
ဆရာတော်ကြီး၏လက်ထောက် ဦးဇင်း ကုမာရက လက်ခံရယူခဲ့သည်။
ရခိုင်ဒေသအတွက် ကုတင် ၈၁ လုံးနှင့် ဗီရိုစားပွဲ ၄၈ လုံး ပြန်လည်လှူဒါန်းခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ ဆေးရုံများတွင် အသုံးပြုရန် ဂျာမနီနိုင်ငံရှိ အလှူရှင်များက မြန်မာနိုင်ငံ စားဖိုမှူးများအသင်းထံသို့ ကုတင်နှင့် ဗီရိုစားပွဲများ
လှူဒါန်းထားရာယင်းအနက်မှ ရခိုင်ဒေသအတွက် ကုတင် ၈၁ လုံးနှင့် ဗီရိုစားပွဲ ၄၈ လုံး ပြန်လည်လှူဒါန်းခြင်း ဖြစ်သည်။
“နိုင်ငံတကာအဆင့်မှီ ဆေးရုံသုံးပစ္စည်းတွေဟာ ရခိုင်ပြည်နယ်မှာ လိုအပ်နေတဲ့ အတွက်ကြောင့် လှူဒါန်းရခြင်း ဖြစ်ပါတယ်။
လှူဒါန်းရတဲ့အတွက်ကြောင့် မြန်မာ စားဖိုမှူး အသင်းအနေနဲ့ ဆေးရုံတက်နေတဲ့ ပြည်သူတွေ အဆင်မပြေဖြစ်ရာကနေ
အဆင်ပြေသွားမှာ ဖြစ်လို့ ၀မ်းသာမိပါတယ်။ နောက်ထပ်လည်းထပ်ပြီး လှူဒါန်းဖို့ အစီအစဉ်တွေ ရှိပါသေးတယ်”ဟု မြန်မာနိုင်ငံ
စားဖိုမှူးများအသင်း အဖွဲ့ဝင် ဦးမြင့်မောင်ဌေးက အလိုတော်ပြည့်ဝက်ဆိုဒ်သို့ ပြောသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေဆဲဖြစ်သည့် မတည်ငြိမ်မှုများနှင့်ပတ်သတ်၍ “ကျနော်တို့ကတော့
အေးချမ်းတည်ငြိမ်တဲ့ အနေအထားတခုကိုရောက်သွားစေချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့လူတွေက စိတ်ချမ်းသာ
ကိုယ်ချမ်းသာနဲ့ နေ့စဉ် အိပ်ပျော်တဲ့ ဘ၀ကို ရောက်စေချင်ပါတယ်”ဟု သူကဆက်လက်ပြောဆိုသည်။

အဆိုပါ လှူဒါန်းပစ္စည်းများကို ဆူပူအကြမ်းဖက် မငြိမ်သက်မှုများ ဖြစ်ပေါ်နေသည့် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရသေ့တောင်၊
ဘူးသီးတောင်နှင့်မောင်းတောမြို့များသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း အလိုတော်ပြည့် ကယ်ဆယ်ရေးအဖွဲ့ဝင် ဦးဇင်း ကုမာရက
မိန့်ကြားသည်။
Last Updated (Wednesday, 08 August 2012 18:39)
- ဆရာတော်ဧ။်ကိုယ်ရေးအကျဉ်း
- ရန်ကုန်ကျောင်းတိုက်
- အလိုတော်ပြည့် တက္ကသိုလ်
- စစ်တွေကျောင်းတိုက်
- ပုဂံညောင်ဦးကျောင်းတိုက်
- မန္တလေးကျောင်းတိုက်
- မောင်တောကျောင်းတိုက်
- ရသေ့တောင်ကျောင်းတိုက်
- သင်္ဃန်းကျွန်းကျောင်းတိုက်
- ဘူးသီးတောင်ကျောင်းတိုက်
- မင်းပြားပရဟိတကျောင်းတိုက်
- မေမြို့ကျောင်းတိုက်
- ကျောက်ပန်းတောင်းကျောင်းတိုက်
- မြောက်ဦးကျောင်းတိုက်
- မိတ္ထီလာကျောင်းတိုက်
- တောင်နီကျောင်းတိုက်
- သံတွဲ-ငပလီကျောင်းတိုက်
- တာချီလိတ်ကျောင်းတိုက်
- နယူးဝေါက်မြို့အလိုတော်ပြည့်ကျောင်း
- မောင်တောပရဟိတကျောင်းတိုက်
- အမေရိကန်အရီဇူးနာကျောင်းတိုက်
- အိန္ဒိယပရဟိတကျောင်းတိုက်
- ညောင်ပင်လယ်ကျောင်းတိုက်
- Kamma
- Advertisement Avaliable
- အင်တာဗျူးလျှောက်ထားခြင်း
- Live
- U Ottama Day
- Buddha
- Alodawpyei On YouTube
- giri
- အလိုတော်ပြည့်အဓိဌာန်ပြုဆုတောင်း























