ရခိုင်ဒေသအကြမ်းဖက်မှုအရေးအခင်းများ လ,ပတ်လည်တဲ့နေ့မှာဘဲ
အစောဆုံးကြွေလွင့်ခဲ့ရရှာသူ ရမ်းဗြဲမြို့နယ်၊ကျောက်နီမော်ကျေးရွာသူ ၊
သီတာထွေးလေးရဲ့ မိခင်ကြီးအိမ်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နာရေး
ကူညီမှုအသင်းရဲ့ ကူညီထောက်ပံ့ငွေ ကျပ် (၁၀)သိန်းပေးအပ်ပွဲပြု
လုပ်ခဲ့ပါတယ်။
တပြိုင်နက်ထဲလိုလိုမှာဘဲ ပြည်နယ်တ၀ှမ်းက ကြွေလွင့်ခဲ့ရသူ(၃၁) ဦး
အတွက် ကျပ်သိန်း(၃၁၀)ကို ကျန်ရစ်သူများထံ၊ အိမ်တိုင်ယာရောက်
ပေးပို့လှူဒါန်းလျက်ရှိပါတယ်။
ပြည်နယ်နာရေးအသင်းရဲ့ အလှူငွေများကို ကျောက်ဖြူ ရမ္မာဝတီကုမ္ပဏီ
ဥက္ကဌလည်းဖြစ်၊ ရခိုင်ပြည်နယ်အရေးကိစ္စများမှာ တက်ကြွစွာ
ဦးဆောင်လှူဒါန်းကူညီနေသူလည်းဖြစ်တဲ့ ရမ်းဗြဲသား ကိုငြိမ်းချမ်းမောင်မှ
ကိုယ်စားလှယ်အဖြစ်လာရောကလှူဒါန်းခဲ့တာဖြစ်ပြီး သူကိုယ်
တိုင်ကလည်း သီတာထွေး မိခင်ကြီး ဒေါ်မမြကို ထောက်ပံ့ငွေ (၁၀)သိန်း
ကျပ်ထပ်မံလှူဒါန်းပေးခဲ့ပါတယ်။
ရင်နင့်ရတဲ့နေ့ ရမ်းဗြဲမြို့နယ်၊ကျောက်နီမော်ကျေးရွာသူ ၊သီတာထွေး မိခင်ကြီး ဒေါ်မမြ ပုံအားတွေရစဉ်။
သီတာထွေးလေးက သားသမီး(၆)ဦးမှာ အထွေးဆုံး၊ အလိမ္မာဆုံးနဲ့ မိဘကိုလုပ်ကျွေးနေသူလေးဖြစ် ကြောင်း၊ ငိုငိုပြီးပြောလာတဲ့ မိခင်ကြီးကို
ကြည့်ရင်း ကျွန်တော်တို့ရင်တွေဆို့နင့်ခဲ့ရပါတယ်။
သားအမိ၊ သားအဖ(၇)ဦးကြပ်ကြပ်တည်းတည်းနေထိုင်ရတဲ့၊ အိမ်အဝင်တံခါးမကြီးတောင်မတတ်နိုင်သေးတဲ့၊ ယိုင်နဲ့နဲ့တဲသာသာ
အိမ်လေးမှာနေထိုင်နေရတဲ့၊ မှီခိုအားထားရသူ နာရေးဖြစ်သွားရှာတဲ့ အိမ်လေးထဲက
မုဆိုးမအမေအိုတစ်ဦးက သူ ,မရောက်ဖူးတဲ့ ရခိုင်ပြည်နယ်မြောက်ခြမ်းက သေဆုံးသွားရှာသူတွေကို ကိုယ်ချင်းစာ၊ သနားလွန်းလို့ဆိုပြီး
တစ်ခုခုပြန်လုပ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ ထင်မထားခဲ့တာအမှန်ပါ။
ဒါပေမဲ့ အမေ ဒေါ်မမြက စစ်တွေက နာရေးကူညီမှုအသင်းအတွက် ရည်မှန်းထားခဲ့တယ်ဆိုတဲ့ ကျပ်ငွေ (၃)သိန်းကို တစ်ပါတည်း
ပြန်လှူပေးခဲ့ပါတယ်။ အဲဒီငွေလေး (၃)သိန်း ပိုက်ပြန်လာတဲ့လမ်းမှာ ” ပြည်နယ် ကြီးငြိမ်းချမ်းပါစေတော့” ဆိုတဲ့ အမေအိုရဲ့
ဆုတောင်းစကားသံလေးတွေကြားယောင်ရင်း ကျွန်တော်တို့အားလုံး ရင်နင့်ကြေကွဲခဲ့ရကြောင်းပါ …..။

မကွယ်လွန်မီတစ်နှစ်က သီလရှင်ဝတ်သွားခဲ့တဲ့ဆရာလေး။ (အပေါ်) ကျောက်နီမော်ကျေးရွာကသီတာထွေးတို့အိမ်ကလေး (အောက်)
Last Updated (Tuesday, 10 July 2012 15:22)
- ဆရာတော်ဧ။်ကိုယ်ရေးအကျဉ်း
- ရန်ကုန်ကျောင်းတိုက်
- အလိုတော်ပြည့် တက္ကသိုလ်
- စစ်တွေကျောင်းတိုက်
- ပုဂံညောင်ဦးကျောင်းတိုက်
- မန္တလေးကျောင်းတိုက်
- မောင်တောကျောင်းတိုက်
- ရသေ့တောင်ကျောင်းတိုက်
- သင်္ဃန်းကျွန်းကျောင်းတိုက်
- ဘူးသီးတောင်ကျောင်းတိုက်
- မင်းပြားပရဟိတကျောင်းတိုက်
- မေမြို့ကျောင်းတိုက်
- ကျောက်ပန်းတောင်းကျောင်းတိုက်
- မြောက်ဦးကျောင်းတိုက်
- မိတ္ထီလာကျောင်းတိုက်
- တောင်နီကျောင်းတိုက်
- သံတွဲ-ငပလီကျောင်းတိုက်
- တာချီလိတ်ကျောင်းတိုက်
- နယူးဝေါက်မြို့အလိုတော်ပြည့်ကျောင်း
- မောင်တောပရဟိတကျောင်းတိုက်
- အမေရိကန်အရီဇူးနာကျောင်းတိုက်
- အိန္ဒိယပရဟိတကျောင်းတိုက်
- ညောင်ပင်လယ်ကျောင်းတိုက်
- Kamma
- Advertisement Avaliable
- အင်တာဗျူးလျှောက်ထားခြင်း
- Live
- U Ottama Day
- Buddha
- Alodawpyei On YouTube
- giri
- အလိုတော်ပြည့်အဓိဌာန်ပြုဆုတောင်း























