
သမိုင်း၏သင်္ကေတ တခု (သို့မဟုတ်) ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ်ကျောက်ရုပ်
၁၉၆၀- ၆၁ ခုနှစ် အခါ လောက်က စာပေဗိမန်ထုတ် ပြည်သူ့လက်စွဲစာစဉ် အဖြစ်ဖြင့်စာ ရေးဆရာမျိုးသန့် ရေးသားသည့် ဦးဥတ္တမ စာအုပ်ခပ်ပါးပါးကလေးတအုပ်ကို ဖတ်ရှုခဲ့ရသည်။
ဆရာတော်ဦးဥတ္တမ၏ ရုပ်လုံးပုံ
ထိုစာအုပ်မျက်နှာဖုံးတွင် ပန်းချီဆရာ ဦးမျိုးဝင်းကသဘာဝကျကျ ရုပ်လုံးဖော်ထား သည့် ဆရာတော်ဦးဥတ္တမ၏ ရုပ်လုံးပုံကိုလည်း တွေ့မြင်ခဲ့ရသည်။ ထိုအခါက အဆိုပါရုပ်လုံးပုံ ပန်းချီ၏ ဆွဲဆောင်မူညှို့ ဓါတ်ကိုစားရေးသူကိုယ်တိုင် အပြည့်အ၀ခံစားခဲ့ရဖူးသည်ကိုလည်း
ပြန် လည်အမှတ်ရနေမိသည်။ သိုသော်လည်းထိုပုံသည် ပန်းချီဆရာ၏ အနုပညာဥာဏ် ကွန်မြုးထား ချက်သက်သေသာမျှသာဖြစ်သည် ဟုထင်ခဲ့မိသည်။ ဆရာတော်၏ ကျောက်ရုပ်ပုံတူကို ကူးယူ ရေးဆွဲထားသည်ဟုကား လုံးဝမသိရှိ မရိပ်မိခဲ့သေးချေ။
သတင်းအစ ဤသို့ရ
တနေ့သော် ကိစ္စတခု ဖြင့်ကြည့်မြင်တိုင် ဖက်သို့ရောက်သွား၍ လုပ်ဖော်ကိုင်ဖက် ရဲဖော်ဟောင်းတစုနှင့် စပ်မိစပ်ရာ စကားပြောကြရာမှ ၀ံသာနုခေတ်က ထင်းရှားသော အမျိုးသ မီးခေါင်းဆောင် အမေစု (ဒေါ်သက်စု) အကြောင်းရောက်သွားကြသည်။ ထိုမှတဆင့်ဆရာတော် ဦးဥတ္တမ အကြောင်း စကားဆက်ကြပြန်သည်။
သို့ဖြင့်အမေစုအပါအ၀င် ၀ံသာနုအသင်းသူအသင်းသားများသည် ဆရာတော်ဦးဥတ္တမ အသက်ထင်းရှားရှိနေစဉ်ကပင် ဆရာတော်၏ ကျောက်ရုပ်ပုံတူတစ်ခု ထုလုပ်ထားခဲ့ဖူးကြောင်း သတင်းအစအနကြားသိခဲ့ရသည်။ သို့သော်လည်း ထိုကျောက်ရုပ်မှာ
မည်သည့်နေရာဌာနတွင် ရောက်ရှိနေကြောင်းကိုကား ဘယ်သူမျှစုံစမ်းမေးမြန်း၍မရရှိခဲ့ချေ ။
ခြုံနွယ်ကြားရောက် ဤကျောက်ရုပ်
ထို့နောက် ၁၉၆၇ ခုနှစ် ဇန္န၀ါရီလ ၄ ရက် ၁၉ကြိမ်မြောက်လွတ်လပ်ရေးနေ့အထူးထုတ် ကြေးမုံ သတင်းစာတွင် စားရေးဆရာ မင်းယုဝေ ရေးသားထားသည့် ဆရာတော်ဦးဥတ္တမ ဆောင်းပါးတပုဒ်ကို ထပ်မံဖက်ရှုရပြန်သဖြင့် ယခင်တိမ်မြုပ် ပျောက်ကွယ်နေသော ကျောက်ရုပ် သတင်းမှ သည်တကယ့်ကျောက်ရုပ်အဖြစ် အကောင်အထည် ပြန်လည်ပေါ်ပေါက်လာသည်ကို ၀မ်းသာအားရ
သတင်းကောင်းကြားရပါတော့သည်။အဆိုပါဆောင်းပါးတွင် တနေ့ ကျွန်တော်သည် ကိစ္စတခုဖြင့်မြို မကျောင်းနောက်ဖက်ရှိ ဘဒ်လမ်းကို ဖြတ်သန်းသွားသည်။ ဤသို့ဖြတ်သန်းသွားစဉ် အိမ်ကြီးတစ်အိမ်၏ခြံဝင်းကြီးတခုထဲ တွင် ကျောက်ရုပ်ကြီး တခုကိုမြင်တွေ့လိုက်ရသည်။
ကျောက်ရုပ်ကြီးမှာအမြင့် ၁၀ ပေခန့်ရှိသည်။ မြက်ပင်ရှည်များ ခြုံနွယ်များကြားတွင် ညှိုးငယ်စွာစံမြန်းနေရှာသည်။
ကျွန်တော်သည်ခြံအနီးသို့ တိုးကပ်သွားကား ကျောက်ရုပ်ကြီးကို သေသေချာချာကြည့်သည်။ ထိုအခါ အံသြမဆုံးဖြစ်သွား သည် ။ ကျောက်ရုပ်တုကြီးကား အခြားမဟုတ် ဆရာတော်ဦးဥတ္တမ၏ ကျောက်ရုပ်တုပင်တည်း။ ဆရာတော်သည် လက်တဖက်ဖြင့် စာအုပ်ကိုဖွင့်ကိုင်ထားလျက်၊ လက်တဖက်ကိုမူ မြှောက်ပင့် ကာ တရားဟောနေဟန်ထုလုပ်ထားသည်။ အတော်ပင်လက်ရာမြောက်သည်။
ဘယ်ခေတ် ဘယ်အချိန် ဘယ်အခါက ဘယ်အကြောင်းဖြင့် ဤနေရာသို့မထင်းမရှားရေ၀ံရှိနေသည်မသိ။ ဤ ကျောက်ရုပ်ကို အမျိုးသားသမိုင်း ပြတိုက်ထဲတွင်ဖြစ်စေ၊ အခြားသင့်တော်လျောက်ပတ်သော နေ ရာတခုခု၌ဖြစ်စေ ပြောင်းရွေ့ ထားရသော် ကောင်းလေစွဟူ၍ ဆန္ဒဖြစ်မိလေသည် ဟူ၍ဖော်ပြပါ ရှိပါသည်။
ဆရာမင်းယုဝေ၏ ဆောင်းပါးတွေ့ပြီးနေ၀ံ ကျွန်တော်ကိုယ်တိုင် ဦးဥတ္တမ ကျောက်ရုပ်ရှိ ရာသို့ သွားရောက်ရှာဖွေ ကြည်ခဲ့သေးသည်။ တွေ့ရမြင်ရသည်မှာ စိတ်ထိခိုက်စရာပါ။ ရေထဲမိုး ထဲခြုံထဲမှာပင်။
အထက်ပါ ဆောင်းပါးဖြင့် ဆရာမင်းယုဝေ၏ဆန္ဒပြုချက်ကို စာရေးသူအပါအ၀င် လုပ် သားပြည်သူအားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံကြလိမ်မည်ဟုပြောရဲပါသည်။ အ ဘယ်ကြောင့်နည်း။
သမိုင်းဝင်ပုဂ္ဂိုလ် ဆိုသည်မှာ
ယနေ့ခေတ်သည် ယခင့်ယခင်ခောတ်များထက် အဖက်ဖက်မှအစစ အရာရာ ထူးခြား သာလွန်နေသည်ဟုဆိုကြရပါမည်။ အကြောင်းသော်ကားမြန်မာ့သမိုင်းတွင် လုပ်သားပြည်သူတ ရပ်လုံးအကျိုးစီးပွားကိုရှေးရှု၍ အတိတ်မှမြေရှင်း အရင်းရှင် လူနေမူ စနစ်ဆွေးစနစ်ဟောင်းများ ကို ဖျက်သိမ်းရေးနှင့် တဆက်တည်းခေတ်ပြောင်းတော်လှန်ရေးကြီးကို ဆင်နွဲနေကြခြင်းကြောင့် ဖြစ်သည်။
ယင်းလုပ်ငန်းတာဝန်များအနက် ဇာတိမာန်ဗမာ့သွေးဗီဇကို ပြန်လည်နှိုးဆွ၍ တမျိုးသားလုံးသွေးစည်းညီညွတ်ရေး အတွက်အမျိုးသားစိတ်ဓါတ် မြင့်တင်နိုင်ရန်ရည်ရွယ်ချက် ဖြင့် တော်လှန်အစိုးရသည် ၁၉၆၂ ခုနှစ်သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေ (ဥပဒေ အမှတ် - ၄၆) ကိုပြဋ္ဌာန်းခြင်းဖြင့်၎င်း၊ အလားတူစွာမြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဋ္ဌာန ချုပ်မှလည်း
သမိုင်းဝင်ပစ္စည်းများနှင့် ပတ်သက်၍ ပြည်သူတို့အားမေတ္တာရပ်ခံချက်တရပ် ထုတ် ပြန်ထားခြင်းဖြင့် ယင်းလုပ်ရပ်များသည် တိမ်မြုပ်ပျောက်ကွယ်နေသောသမိုင်းဝင်ပစ္စည်းများကို ဖော်ထုတ်ပြုပြင်၍ အစွန့်ရှည် တည်တံ့နေစေရန် ထိန်းသိမ်းထားရှိရေးအတွက်ပင်ဖြစ်သည်။ ယင်းလုပ်ရပ်သည် လိုလည်းလိုအပ် မွန်လည်းမွန်မြတ်လှပေသည်။
အဆိုပါ အထိမ်းအမှတ်မော်ကွင်းဥပဒေပုဒ်မ (က)တွင် သမိုင်းဝင်ပုဂ္ဂိုလ်ဆိုသည်မှာ မြန် မာနိုင်ငံသမိုင်းတွင် ထင်းရှားကျော်စေ၍ နိုင်ငံအတွက်သော်၎င်း၊ အကျိုးပြုဆောင်ရွက်ခဲ့သောမျိုး ချစ် ပုဂ္ဂိုလ်ကိုဆိုလိုသည် ဟု၎င်း၊ ထိုအပြင်ပါတီဌာနချုပ်မှ ထုတ်ပြန်ထားသည့် ပြည်သူတို့အားမေတ္တာရပ်ခံချက်တွင်လည်း ကျတော်တို့ ယနေ့ဆင်နွှဲလျက်ရှိသော တော်လှန်ရေးအပါအ၀င် ရှေးယခင်ကာလတော်လှန်ရေး များ၊
သူ့ကျွန်မခံရေးအတွက် ဆင်နွှဲခဲ့ကြ သော ခုခံရေးစစ်ပွဲများ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲများ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲ များ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးအတွက် မြန်မာတိုင်းရင်းသားလူမျိုးအားလုံး၏ ပြောင် မြောက်သော ကြိုးပမ်းမှုကြီးများသည်။
မြန်မာနိုင်ငံ၏ သမိုင်းတွင်မှတ်တမ်းတင်၍ ထားရှိရမည့် ကိစ္စရပ်ကြီးများဖြစ်ပေသည်။ ဟု၎င်းအတိအလင်း
ထုတ်ဖော်ကျေညာထားပြီးဖြစ်သည်။
နံပတ်တစ်သမိုင်းဝင် ဆရာတော်
ဤအတိုင်းဆိုလျှင် ဆရာတော်ဦးဥတ္တမသည် သမိုင်းဝင် မော်ကွန်းတင်ရမည့် အာဇာ နည်မျိုးချစ်ပုဂ္ဂိုလ်ကျော် တပါးသာဖြစ်သည်။ ဆရာတော်သည် အမျိုးသား စိတ်ဓာတ် တစတစ မှေးမှိန်ကွယ်ပျောက်အံ့ဆဲဆဲ အချိန်၌ ကိုယ်ကျိုးနစ်နာ အပင်ပန်းခ့လျက် သူရဲကောင်းပီသစွာ မြန်မာ့လွတ်လပ်ရေးအတွက် ပထမဦးဆုံး တပ်လှန်နှိုးဆော်ခဲ့သည့် အထင်ရှားဆုံး နံပတ်တစ် နိုင်ငံရေးခေါင်းဆောင် စာရင်းတွင်တင်သွင်း အသိအမှတ် ပြုထားပြီးလည်းဖြစ်သည်။
Last Updated (Wednesday, 07 September 2011 08:33)
- ဆရာတော်ဧ။်ကိုယ်ရေးအကျဉ်း
- ရန်ကုန်ကျောင်းတိုက်
- အလိုတော်ပြည့် တက္ကသိုလ်
- စစ်တွေကျောင်းတိုက်
- ပုဂံညောင်ဦးကျောင်းတိုက်
- မန္တလေးကျောင်းတိုက်
- မောင်တောကျောင်းတိုက်
- ရသေ့တောင်ကျောင်းတိုက်
- သင်္ဃန်းကျွန်းကျောင်းတိုက်
- ဘူးသီးတောင်ကျောင်းတိုက်
- မင်းပြားပရဟိတကျောင်းတိုက်
- မေမြို့ကျောင်းတိုက်
- ကျောက်ပန်းတောင်းကျောင်းတိုက်
- မြောက်ဦးကျောင်းတိုက်
- မိတ္ထီလာကျောင်းတိုက်
- တောင်နီကျောင်းတိုက်
- သံတွဲ-ငပလီကျောင်းတိုက်
- တာချီလိတ်ကျောင်းတိုက်
- နယူးဝေါက်မြို့အလိုတော်ပြည့်ကျောင်း
- မောင်တောပရဟိတကျောင်းတိုက်
- အမေရိကန်အရီဇူးနာကျောင်းတိုက်
- အိန္ဒိယပရဟိတကျောင်းတိုက်
- ညောင်ပင်လယ်ကျောင်းတိုက်
- Kamma
- Advertisement Avaliable
- အင်တာဗျူးလျှောက်ထားခြင်း
- Live
- U Ottama Day
- Buddha
- Alodawpyei On YouTube
- giri
- အလိုတော်ပြည့်အဓိဌာန်ပြုဆုတောင်း
























