ရှမ်းပြည်နယ် အရှေ့ဘက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းလယ်တွင် တရားသဘင်ပွဲတော်ကို ၁၃၇၂-ခုနစ် တပေါင်လပြည့်ကျော်(၉)ရက်နေ့တနင်္လာနေ့( 28.3.2011 ) နေ့တွင် ပြည်တွင်း ပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီး၏ကိုယ်စာ အင်းစိန် အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးသုမန ဟောကြားမည် ဖြစ်ပါသည်။ ၁၃၇၂-ခုနစ် တပေါင်လပြည့်ကျော်(၁၀)ရက် အင်္ဂါနေ့ (29.3.2011) နေ့တွင် ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် စာသင် စာချ ဆရာတော် အရှင်ပညာဒီပ က နိဗွာန်ရောက်ကြောင်းတရား ဟောကြားမည် ဖြစ်ပါသည်။ ၁၃၇၂-ခုနစ် တပေါင်လပြည့်ကျော်(၁၁) ရက်နေ့ ဗုဒ္ဓဟူနေ့( 30.3.2011) ရက် တွင် အင်းစိန်ဆရာတော် ဦးသုမန အင်းစိန် အလိုတော်ပြည့်ကျောင်းတိုက်က ဟောကြားမည်ဖြစ်ပါသည်။ တာချိလိတ်မြို့ရှိ တရားချစ်ခင် ဓမ္မသူတော်စင်များအား အသိပေးဖိတ်ကြားထားကြောင်းသိရသည်။

 

 

Share/Save/Bookmark