၁။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အထက်ငှက်ပျောချောင်းအုပ်စု ဖားပျော်ကျေးရွာ ဖားပျော် သာသနာပြုဌာန ဖားပျော်ဗဟိုသာသနာပြုကျောင်း၌ ဘုန်းတော်ကြီးသင်ပညာရေး
မူလ တန်းကျောင်းကို ၁၉၉၂/၁၉၉၃ ခုနှစ်မှစ၍ ကျောင်းဆရာတစ်ဦး, ကျောင်းဆရာမတစ်ဦး,
ကျောင်းသား ၃၂ ယောက်, ကျောင်းသူ ၁၈ ယောက် စုစုပေါင်း ကျောင်းသား/သူ ကလေး
လူငယ် (၅၀) ယောက်တို့ဖြင့် စတင်ထူထောင် ဖွင့်လှစ်သင်ကြားပြသပေးနိုင်ခဲ့သည်။
၂။ ၁၉၉၃/၁၉၉၄ ခု ပညာသင်နှစ်တွင် ကျောင်းသာ ၃၈ ဦး, ကျောင်းသူ ၂၅ ဦး စုစုပေါင်း
ကလေးသူငယ် (၆၃) ဦးတို့ဖြင့် သင်ကြားစီမံဆရာတော် (၁) ပါး, ကျောင်းဆရာတစ်ဦး,
ကျောင်းဆရာမ တစ်ဦးတို့က သင်ကြားပြသပေးနိုင်ခဲ့သည်။
၃။ ၁၉၉၄/၁၉၉၅ ခု ပညာသင်နှစ်တွင် ကျောင်းသား (၄၆) ယောက်,
ကျောင်းသူ (၂၉) ယောက် စုစုပေါင်း ကလေးသူငယ် (၇၅) ယောက်တို့အား
သင်ကြားစီမံဆရာတော် (၁) ပါး, ကျောင်းဆရာတစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၎။ ၁၉၉၅/၁၉၉၆ ခု ပညာသင်နှစ်တွင် ကျောင်းသား (၄၈) ယောက်,
ကျောင်းသူ (၃၀) ယောက် စုစုပေါင်း (၇၈) ယောက်တို့အား သင်ကြားစီမံဆရာတော်
(၁) ပါး, ကျောင်းဆရာ တစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၅။ ၁၉၉၆/၁၉၉၇ ခု ပညာသင်နှစ်တွင် ကျောင်းသား (၄၆) ယောက်,
ကျောင်းသူ (၃၄) ယောက် စုစုပေါင်း (၈၀) ယောက်တို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ကျောင်းဆရာ တစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၆။ ၁၉၉၇/၁၉၉၈ ခု ပညာသင်နှစ်တွင် ကျောင်းသား (၅၀) ယောက်,
ကျောင်းသူ (၃၅) ယောက် စုစုပေါင်း (၈၅) ဦးတို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ဆရာတစ်ဦး, ဆရာမ တစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၇။ ၁၉၉၈/၁၉၉၉ ခု ပညာသင်နှစ်တွင် ကျောင်းသား (၅၂) ယောက်,
ကျောင်းသူ (၃၅) ယောက် စုစုပေါင်း (၈၇) ဦးတို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ကျောင်းဆရာတစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၈။ ၁၉၉၉/၂၀၀၀ ခု ပညာသင်နှစ်တွင် ကျောင်းသား (၅၅) ယောက်,
ကျောင်းသူ (၃၈) ယောက် စုစုပေါင်း (၉၃) ဦးတို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ကျောင်းဆရာတစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၉။ ၂၀၀၀/၂၀၀၁ ခု ပညာသင်နှစ်တွင် ကျောင်းသား (၅၆) ယောက်,
ကျောင်းသူ (၃၈) ယောက် စုစုပေါင်း (၉၄) ဦးတို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ကျောင်းဆရာတစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၁၀။ ၂၀၀၁/၂၀၀၂ ခု ပညာသင်နှစ်တွင် ကျောင်းသား (၅၈) ယောက်,
ကျောင်းသူ (၄၀) ယောက် စုစုပေါင်း (၉၈) ယောက်တို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ကျောင်းဆရာ တစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၁၁။ ၂၀၀၂/၂၀၀၃ ခု ပညာသင်နှစ်တွင် ကျောင်းသား (၆၁) ယောက်,
ကျောင်းသူ (၄၂) ယောက် စုစုပေါင်း (၁၀၃) ယောက်တို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ကျောင်းဆရာ တစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၁၂။ ၂၀၀၃/၂၀၀၄ ခု ပညာသင်နှစ်တွင် ကျောင်းသား (၆၅) ယောက်,
ကျောင်းသူ (၄၃) ယောက် စုစုပေါင်း (၁၀၈) ယောက်တို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ကျောင်းဆရာ တစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၁၃။ ၂၀၀၄/၂၀၀၅ ခု ပညာသင်နှစ်တွင် ကျောင်းသား (၇၀) ယောက်,
ကျောင်းသူ (၅၀) ယောက် စုစုပေါင်း (၁၂၀) ယောက်တို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ကျောင်းဆရာ တစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၁၄။ ၂၀၀၅/၂၀၀၆ ခု ပညာသင်နှစ်တွင် ကျောင်းသား (၇၅) ယောက်,
ကျောင်းသူ (၅၄) ယောက် စုစုပေါင်း (၁၂၉) ယောက်တို့အား သင်ကြားစီမံဆရာတော်တစ်ပါး,
ကျောင်းဆရာ တစ်ဦး, ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၁၅။ ၂၀၀၆/၂၀၀၇ ခု ပညာသင်နှစ်တွင် ကျောင်းသား (၇၈) ယောက်,
ကျောင်းသူ (၅၈) ယောက် စုစုပေါင်း (၁၃၆) ယောက်တို့အား သင်ကြားစီမံဆရာတော်နှစ်ပါး,
ကျောင်းဆရာ (၃) ယောက်, ကျောင်းဆရာမတစ်ယောက်တို့က သင်ကြားပြသပေးခဲ့ကြသည်။
၁၆။ ၂၀၀၇/၂၀၀၈ ခု ပညာသင်နှစ်တွင် ကျောင်းသား (၇၉) ယောက်,
ကျောင်းသူ (၆၀) ယောက် စုစုပေါင်း (၁၃၉) ယောက်တို့အား သင်ကြားစီမံဆရာတော်နှစ်ပါး,
ကျောင်းဆရာ (၃) ယောက်, ကျောင်းဆရာမတစ်ယောက်တို့က သင်ကြားပြသပေးခဲ့ကြသည်။
၁၇။ ၂၀၀၈/၂၀၀၉ ခု ပညာသင်နှစ်တွင် ကျောင်းသား (၈၁) ယောက်,
ကျောင်းသူ (၆၄) ယောက် စုစုပေါင်း (၁၃၉) ယောက်တို့အား သင်ကြားစီမံဆရာတော်နှစ်ပါး,
ကျောင်းဆရာ (၃) ယောက်, ကျောင်းဆရာမတစ်ယောက်တို့က သင်ကြားပြသပေးခဲ့ကြသည်။
၁၈။ ၂၀၀၉/၂၀၁၀ ခု ပညာသင်နှစ်တွင် ကျောင်းသား (၈၅) ယောက်, ကျောင်းသူ (၆၅) ယောက
် စုစုပေါင်း (၁၅၀) ယောက်တို့အား သင်ကြားစီမံဆရာတော်နှစ်ပါး, ကျောင်းဆရာ (၃) ယောက်,
ကျောင်းဆရာမတစ်ဦးတို့က သင်ကြားပြသပေးခဲ့ကြသည်။
၁။ ဖားပျော်သာသနာပြုဌာန ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်းအတွက် လိုအပ်
သော အထောက်အပံ့ငွေနှင့် ကျောင်းအဆောက်အဦ, စာရေးခုံ, သင်ယူစာတင်ခုံ, ဘောလ်ပင်
စာရွက်စာတမ်းအသုံးပြုသိုမှီးရန် ဗီရို-ထိုင်ခုံ-ကျောင်းသုံးစာအုပ်-ဘောလ်ပင်-မြေဖြူခဲများ လိုအပ်လျက်ရှိသည်။
၂။ ကျောင်းဆရာတစ်ယောက်အတွက် သင်ကြားပြသပေးခ ကုန်ကျစရိတ် တစ်နှစ်တာကာလ
(၃၅၀၀၀၀) သုံးသိန်းငါးသောင်းကျပ်ဖြစ်သည်။
ကျောင်းဆရာ/ဆရာမ (၄) ယောက်၏ တစ်နှစ်တာကာလ သင်ကြားပြသပေးခ အသုံးပြု ကုန်ကျ
လိုအပ်ငွေ ကျပ် (၁၄) သိန်း လိုအပ်သည်။
၃။ တစ်နှစ်တာကာလ ကျောင်းသုံးပရိဘောဂစသည်အတွက် စုစုပေါင်း ကျပ်သိန်း (၁၂) သိန်းခန့်
သုံးစွဲကုန်ကျရန် လိုအပ်နေသည်။
၎။ ဖားပျော်သာသနာပြုဌာန ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်း၌ စာသင်ယူ-
သင်ကြားပြသပေးရေး ကျောင်းအဆောက်အဦတစ်ခု လိုအပ်နေပါသည်၊ ကျောင်း အဆောက်အဦ၏
အတိုင်းအတာပမာဏအားဖြင့် အလျားပေ ၁၆၀-ပေ၊ အနံ ၂၄-ပေ၊ ၀ရံတာခေါ် ဖိနပ်ချွတ်ခန်း ၆-ပေခွဲရှိ
ကျောင်းအဆောက်အဦ လိုအပ်လျက်ရှိနေကြောင်း တင်ပြအပ်ပါသည်။
၅။ ဖားပျော်သာသနာပြုဌာနဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်းတွင် တစ်နှစ်တာ ကာလ
သုံးစွဲကုန်ကျရန် လိုအပ်ငွေကြေး စာရင်းအရ ကျပ်သိန်း (၂၅) သိန်း လိုအပ်လျက် ရှိသည်။
ရခိုင်ပြည်နယ၊ စစ်တွေအခြေခံဒေသ၊ စစစ်တွေခရိုင်
မင်းပြားမြို့၊
အောင်မြေဗောဓိသုခ အလိုတော်ပြည့်ပရဟိတကျောင်း
စတင်ထူထောင်သည့်သမိုင်းအကျဉ်း
၁။ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မင်းပြားမြို့ ဈေးဟောင်းပိုင်းရပ်ကွက်၊ အောင်မြေဗောဓိသုခ
အလိုတော်ပြည့်ပရဟိတကျောင်းတိုက်ကို ကောဇာသက္ကရာဇ် ၁၃၆၄ ခုနှစ်၊ တပေါင်းလဆန်း (၂) ရက်နေ့တွင်
စတင်ထူထောင်ခဲ့သည်။
၂။ ကောဇာသက္ကရာဇ် ၁၃၆၅ ခုနှစ်၊ ကဆုန်လဆန်း (၅) ရက်နေ့တွင် ပရဟိတသုခကာရီ ယာယီကျောင်းဆောင်ကို
ကျပ်သိန်း (၁၂) သိန်း ကုန်ကျစရိတ်ဖြင့် တည်ဆောက်ပြီးစီးခဲ့ပါသည်။ ၎င်းကျောင်းဆောင်သည်
ပရိစ္ဆေဒကြာညောင်းနေသဖြင့် ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်သောကြောင့် အသစ်တည်ဆောက်သွားရမည်ဖြစ်နေသည်။
၃။ ကောဇာသက္ကရာဇ် ၁၃၆၅ ခူနှစ်မှစ၍ ၀ါတွင်းကာလ ကျောင်းထိုင်ဆရာတော် (၁) ပါး၊ သာမဏေ
(၂) ပါး၊ ကျောင်းသား (၃) ယောက်တို့ဖြင့် စတင်သီတင်းသုံးနေထိုင်ခဲ့ပါသည်။ အသုံးစရိတ်ကုန်ကျငွေ
(၅၀၀၀၀၀) ကျပ် ဖြစ်သည်။
၎။ ကောဇာသက္ကရာဇ် ၁၃၆၆ ခုနှစ် ၀ါဆိုသံဃာကျောင်းစာရင်းမှာ ကျောင်းထိုင်ဆရာတော် (၁) ပါး၊
ခန်းနေရဟန်း (၁) ပါး၊ သာမဏေ (၃) ပါး၊ ကျောင်းသား (၃) ယောက်တို့ဖြင့် သီတင်းသုံးနေထိုင်ခဲ့သည်။
ကုန်ကျသုံးစွဲစရိတ်ငွေ (၅၀၀၀၀၀) ကျပ် ရှိခဲ့သည်။
၅။ ကောဇာသက္ကရာဇ် ၁၃၆၇ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် (၁) ပါး၊ ခန်းနေ (၁) ပါး၊ သာမဏေ (၅) ပါး၊
ကျောင်းသား (၃) ယောက်တို့ဖြင့် သီတင်းသုံးနေထိုင်ခဲ့သည်။ ကုန်ကျသုံးစရိတ် ငါးသိန်းကျပ်ရှိခဲ့သည်။
၆။ ကောဇာသက္ကရာဇ် ၁၃၆၈ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် (၁) ပါး၊ ခန်းနေရဟန်း (၁) ပါး၊
သာမဏေ (၅) ပါး၊ ကျောင်းသား (၅) ယောက်တို့ဖြင့် သီတင်းသုံးနေထိုင်ခဲ့သည်။ ကုန်ကျသုံးစရိတ်ငွေ
ငါးသိန်းကျပ်ဖြစ်သည်။
၇။ ကောဇာသက္ကရာဇ် ၁၃၆၉ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် (၁) ပါး၊ ခန်းနေရဟန်း (၁) ပါး၊
သာမဏေ (၅) ပါး၊ ကျောင်းသား (၅) ယောက်တို့ဖြင့် သီတင်းသုံးနေထိုင်ခဲ့သည်။ ကုန်ကျသုံးစရိတ်ငေ
ွ ငါးသိန်းကျပ်ရှိခဲ့သည်။
၈။ ကောဇာသက္ကရာဇ် ၁၃၇၀ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် (၁) ပါး၊ ခန်းနေရဟန်း (၁) ပါး၊
သာမဏေ (၅) ပါး၊ ကျောင်းသား (၅) ယောက်တို့ဖြင့် သီတင်းသုံးနေထိုင်ခဲ့သည်။ ကုန်ကျသုံးစရိတ်ငွေ
ငါးသိန်းကျပ်ဖြစ်သည်။
၉။ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် (၁) ပါး၊ ခန်းရဟန်း (၁) ပါး၊
သာမဏေ (၅) ပါး၊ ကျောင်းသား (၅) ယောက်တို့ဖြင့် သီတင်းသုံးနေထိုင်ခဲ့သည်။ ကုန်ကျသုံးစရိတ်
ငါးသိန်းကျပ်ရှိခဲ့သည်။
ယခု ၁၃၇၂ ခုနှစ်၊ (၂၀၁၀-၂၀၁၁-ခုနှစ်) ပညာသင်နှစ်မှစ၍ မိဘမဲ့ကလေးငယ်များနှင့်
မိဘအခြေအနေမဲ့ကလေးငယ်များအား လက်ခံပြုစုစောင့်ရှောက်သွားမည်ဖြစ်ရာ ကျောင်းသားကလေးသူငယ်
၂၅ ယောက်တို့အား လက်ခံပြုစုပျိုးထောင်ပညာသင်ကြား ပြုစုလက်ခံသွားရန် စီစဉ်သတ်မှတ်ထားလျက်ရှိနေပေသည်။
တစ်သက်တစ်ကမ္ဘာ လူဖြစ်ခိုက်မို့ လောကငြိမ်းချမ်းသာရေးကို ဦးစားပေးဆောင်ရွက် မြတ်နိုးသူ
ပရဟိတမိတ်သင်္ဂဟအပေါင်းတို့အား ပါဝင်ကူညီအားပေးနိုင်ရန် အသိပေးဖိတ်ခေါ်အပ်ပါသည်။
(၁) ကျောင်းသားတစ်ယောက်၏ တစ်နေ့ စားသုံးကုန်ကျစရိတ်ငွေ ၁၅၀၀ ကျပ်ရှိမည်။
(၂) ကျောင်းသားတစ်ယောက်၏ တစ်လတာ စားသုံးစရိတ်ငွေ ၄၅၀၀၀ ကျပ်ရှိမည်။
(၃) ကျောင်းသား ၂၅ ယောက်၏ တစ်နေ့တာ စားသုံးကုန်ကျစရိတ်ငွေ ၃၇၅၀၀ ကျပ်ရှိမည်။
(၄) ကျောင်းသား ၂၅ ယောက်၏ တစ်လတာ စားသုံးကုန်ကျစရိတ်ငွေ ၁၁၂၅၀၀၀ ကျပ်ရှိမည်။
(၅) ကျောင်းသား ၂၅ ယောက်၏ တစ်နှစ်တာ ကုန်ကျသုံးစရိတ်ငွေ ၁၂၀၀၀၀၀၀ ကျပ်ရှိမည်။
(၆) ကျောင်းသား ၂၅ ယောက်၏ တစ်နှစ်တာ ပညာသင်ကြား အသုံးစရိတ်၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊
ဘောလ်ပင်၊ ကျောင်းဝင်ကြေး၊ စာမေးပွဲဝင်ကြေး၊ အချိန်ပိုသင်ယူစရိတ်၊ အားကစားကြေး၊ ဆေးအသုံးစရိတ
်ကျန်းမာရေး၊ ကျပ် သိန်း ၆၀ ခန့် လိုအပ်ပါမည်။
အလယ်အလတ်စား ပရဟိတကျောင်းသားတစ်ယောက် စံမှီသင်ယူနိုင်ရန် သုံးစွဲကုန်ကျရမည့်
အသုံးစရိတ် စုစုပေါင်း ကျပ်သိန်းပေါင်း တစ်နှစ်တာကာလအတွက် ၁၈၀ ကျပ် လိုအပ်မည်ဟု ခန့်မှန်းရပေသည်။
အနိမ့်ဆုံး ပရဟိတကျောင်းသား ၂၅ ယောက်၏ စားစရိတ်၊ ပညာသင်စရိတ်၊ အ၀တ်အထည်စရိတ်ကို
ခန့်မှန်းရလျှင် တစ်နှစ်တာ အသုံးစရိတ်ဆိုလျှင်တော့ ကျပ်သိန်းပေါင်း ၁၀၀ ကျပ် လိုအပ်မည်ဟု ခန့်မှန်းရသည်။
မှတ်ချက်။ ။ယခုပြုစုရေးသားလိုက်သော ပရဟိတကျောင်းမှတ်တမ်း စာသားများ ပြုပြင်ရန် လိုအပ်ပါက
ဆွေးနွေးမေးမြန်းနိုင်ခွင့်ပြုပါသည်။
ပြည်တွင်းပြည်ပကျောင်းတိုက်များ
- ဆရာတော်ဧ။်ကိုယ်ရေးအကျဉ်း
- ရန်ကုန်ကျောင်းတိုက်
- အလိုတော်ပြည့် တက္ကသိုလ်
- စစ်တွေကျောင်းတိုက်
- ပုဂံညောင်ဦးကျောင်းတိုက်
- မန္တလေးကျောင်းတိုက်
- မောင်တောကျောင်းတိုက်
- ရသေ့တောင်ကျောင်းတိုက်
- သင်္ဃန်းကျွန်းကျောင်းတိုက်
- ဘူးသီးတောင်ကျောင်းတိုက်
- မင်းပြားပရဟိတကျောင်းတိုက်
- မေမြို့ကျောင်းတိုက်
- ကျောက်ပန်းတောင်းကျောင်းတိုက်
- မြောက်ဦးကျောင်းတိုက်
- မိတ္ထီလာကျောင်းတိုက်
- တောင်နီကျောင်းတိုက်
- သံတွဲ-ငပလီကျောင်းတိုက်
- တာချီလိတ်ကျောင်းတိုက်
- နယူးဝေါက်မြို့အလိုတော်ပြည့်ကျောင်း
- မောင်တောပရဟိတကျောင်းတိုက်
- အမေရိကန်အရီဇူးနာကျောင်းတိုက်
- အိန္ဒိယပရဟိတကျောင်းတိုက်
- ညောင်ပင်လယ်ကျောင်းတိုက်
- Kamma
- Advertisement Avaliable
- အင်တာဗျူးလျှောက်ထားခြင်း
- Live
- U Ottama Day
- Buddha
- Alodawpyei On YouTube
- giri
- အလိုတော်ပြည့်အဓိဌာန်ပြုဆုတောင်း
Search(ရှာရန်)
Who's Online
We have 4 guests online

























