ရခိုင်ဒုက္ခသည်များသို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် အလှူငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့
ယနေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေက
လေးရပ်ကွက် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော
ပြည့်ကျောင်းတိုက်ရှိ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မူ
များကြောင်း ဖြစ်ပေါ်လျှက်ရှိရာ ထိုကြောင့် ရခိုင်ပြည်သူ
ပြည်သားများအတွက် ကယ်ဆယ်ရေးအလှူငွေပေး
အပ်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင့် သိရသည်။
ရခိုင် ဒုက္ခသည်များဆီသို့ အလှူငွေများလက်ခံနေသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးခင်ညွန့် လက်ခံနေစဉ်။
အဆိုပါ အခမ်းအနားကို ည(၄း၀၀)နာရီအချိန်တွင်စတင်ကျင်းပခဲ့ပြီ ရန်ကုန်မြို့ပေါ်ရှိတပည့်ဒကာ/ဒကာမများနှင့် အလိုတော်ပြည့်ကျောင်း
တိုက်ဂေါပကအဖွဲ့ဝင်များနှင့်အတူ စေတနာရှင် ကုသိုလ်ရှင်များတက်ရောက်ခဲ့ပြီ အခမ်းအနားကို ပြည်တွင်း ပြည်ပ သာသနာပြုကျေးဇူး
တော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီး၏ဦးဆောင်မူဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန်မှ အလှူငွေများကိုလက်ခံခဲ့ပြီး ရန်ကုန်မြို့
အလိုတော်ပြည့်ဂေါပကအဖွဲ့နှင့်အတူအလှူငွေပေးအပ်ပွဲသို့ ပြည်တွင်း ဂျာနယ် သတင်းထောက်များစုံစုံလင်းလင်းတက်ရောက်ခဲ့ကြောင်း
သိရသည်။

အဲဒီနောက် အလှူငွေများကို နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်မှ လက်ခံခဲ့ပြီး အလှူငွေများ သိန်း(၄၀၀)ကျော်ကိုလက်ခံရရှိခဲ့ကြောင်း
သိရသည်။ အဆိုပါ အလှူငွေများနှင့်အတူ ပြည်သူများအတွက်အဓိကလိုအပ်နေသော ဆန်းစပါးများဟာ အထူးလိုအပ်နေသောကြောင့်
ရခိုင်ပြည်နယ် မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်ရှိ ဒုက္ခသည်များသို့ ပထမအကြိမ်လှူဒါန်းသော ဆန်းအိတ်ပေါင်း(၁၅၀)အိတ်
မောင်တောအလိုတော်ပြည့်ပရဟိတကျောင်းတိုက်ရှိဒုက္ခသည်များသို့ ဆန်းအိတ်ပေါင်း(၁၅၀)အိတ် မောင်တောမြို့ ဗဟိုကျောင်းတိုက်သို့
ဒုက္ခသည်များသို့ ဆန်းအိတ်(၁၅၀)အိတ်နှင့်အတူ ဘူးသီးတောင် အလိုတော်ပြည့်ကျောင်းတိုက်၏ဒုက္ခသည်များသို့ဆန်းအိတ်ပေါင်း
(၂၀၀)အိတ် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်ရှိ ဒုက္ခသည်များရှိရာသို့ ဆန်းအိတ်ပေါင်း(၄၀၀)အိတ်နှင့်အတူ ရသေ့တောင်မြို့
အလိုတော်ပြည့်ကျောင်းတိုက်ရှိ ဒုက္ခသည်များသို့လှူဒါန်းသော ဆန်းပေါင်း(၃၀၀)အိတ် ကို တစ်အိတ်လျှင် ကျပ်နှစ်သောင်းနူန်းဖြင့် စုစုပေါင်း
ဆန်းအိတ်(၁၃၅၀)အိတ်ကို ပဌမအကြိမ် အလိုတော်ပြည့်ဆရာတော်ကြီး၏ဦးဆောင်မူဖြင့် မနက်ဖန် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင့်
သိရသည်။

ယနေ့ ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင်ပဌမအကြိမ်ရခိုင်ဒုက္ခသည်များသို့ အလှူငွေပေးအပ်ပွဲသို့ လှူဒါန်းရရှိခဲ့သည် စုစုပေါင်း
အလှူငွေကျပ်ပေါင်း သိန်း(၄၀၀)ကျော် ကိုကောက်ခံရရှိခဲ့ပြီးဖြစ်သည် ဒုတိယအကြိမ် အလှူငွေပေးအပ်နိုင်ရန်အတွက် ရန်ကုန်မြို့ တာမွေမြို့
နယ် တာမွေလေးရပ်ကွက်ရှိ စေတနာရှင် ကုသိုလ်ရှင်များ မိမိတို့လာရောက်လှူဒါန်းနိုင်ရန်အတွက် အလှူခံဌာနကိုဖွင့်လှစ်ထားရှိပြီး
ပြည်တွင်းပြည်ပရှိ စေတနာရှင် ကုသိုလ်ရှင်များသို့ အသိပေးဖိတ်ကြားထားကြောင်းသိရသည်။

Last Updated (Wednesday, 20 June 2012 19:01)
- ဆရာတော်ဧ။်ကိုယ်ရေးအကျဉ်း
- ရန်ကုန်ကျောင်းတိုက်
- အလိုတော်ပြည့် တက္ကသိုလ်
- စစ်တွေကျောင်းတိုက်
- ပုဂံညောင်ဦးကျောင်းတိုက်
- မန္တလေးကျောင်းတိုက်
- မောင်တောကျောင်းတိုက်
- ရသေ့တောင်ကျောင်းတိုက်
- သင်္ဃန်းကျွန်းကျောင်းတိုက်
- ဘူးသီးတောင်ကျောင်းတိုက်
- မင်းပြားပရဟိတကျောင်းတိုက်
- မေမြို့ကျောင်းတိုက်
- ကျောက်ပန်းတောင်းကျောင်းတိုက်
- မြောက်ဦးကျောင်းတိုက်
- မိတ္ထီလာကျောင်းတိုက်
- တောင်နီကျောင်းတိုက်
- သံတွဲ-ငပလီကျောင်းတိုက်
- တာချီလိတ်ကျောင်းတိုက်
- နယူးဝေါက်မြို့အလိုတော်ပြည့်ကျောင်း
- မောင်တောပရဟိတကျောင်းတိုက်
- အမေရိကန်အရီဇူးနာကျောင်းတိုက်
- အိန္ဒိယပရဟိတကျောင်းတိုက်
- ညောင်ပင်လယ်ကျောင်းတိုက်
- Kamma
- Advertisement Avaliable
- အင်တာဗျူးလျှောက်ထားခြင်း
- Live
- U Ottama Day
- Buddha
- Alodawpyei On YouTube
- giri
- အလိုတော်ပြည့်အဓိဌာန်ပြုဆုတောင်း

























